VISAdeAI_Logo_header

ဂျပန် းလုပ်ငန်းအတွက်နေထိုင်ခွင့်အရည်အချင်း

ဂျပန် နည်းပညာ၊ဝိဇ္ဇာပညာဗဟုသုတ၊နိုင်ငံတကာစီးပွားရေးလုပ်ငန်းအတွက်လှုပ်ရှားရန်လိုအပ်ချက်

ဂျပန် ဂျပန်နိုင်ငံရှိအစိုးရ၊ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်စာချုပ်ချုပ်ဆိုမှုအပေါ်တွင်အခြေခံပြီးပြုလုပ်သည့်သိပ္ပံပညာ ၊အင်ဂျင်နီယာနှင့်အခြားသော သဘာဝသိပ္ပံပညာနယ်ပါယ် (သို့)ဥပဒေပညာ၊ စီးပွားရေးပညာ၊ လူမှုရေးပညာနှင့် အခြားသောဝိဇ္ဇာပညာနယ်ပါယ်တွင်ပါဝင်သောနည်းပညာများ(သို့)အသိပညာဗဟုသုတများကိုလိုအပ်သည့် လုပ်ငန်းများနှင့်နိုင်ငံခြားယဉ်ကျေးမှုတွင်အခြေပြုသည့်စဉ်းစားတွေးခေါ်မှု(သို့)သိမြင်နိုင်မှုတွင်လိုအပ်သည့် လုပ်ငန်းများတွင်ပါဝင်ရန်လှုပ်ရှားခြင်း၊

အထက်တွင်ဖော်ပြထားသကဲ့သို့နည်းပညာ၊ဝိဇ္ဇာပညာဗဟုသုတ၊နိုင်ငံတကာစီးပွားရေးလုပ်ငန်းအတွက်လိုအပ်ချက်များကိုသတ်မှတ်ပြဠာန်းထားသည်။

အထူးသဖြင့်ပြည်ဝင်ခွင့်အခြေခံအမိန့်(လူဝင်မှုကြီးကြပ်ရေးအပါအဝင် ဒုက္ခသည်အသိအမှတ်ပြုရေးဥပဒေပုဒ်မ(၇)၊ အပိုဒ်(၁)၊ ပုဒ်မ(၂) အတွက် စံနှုန်းများ သတ်မှတ်ခြင်းအမိန့်)ရှိနံပါတ်(၁)မှ(၃)အတွင်းတစ်ခုခုနှင့်ကိုက်ညီရန်လိုအပ်ပါသည်။

ဂျပန် 【ပြည်ဝင်ခွင့်အခြေခံအမိန့်အမှတ် ၁】

သဘာဝသိပ္ပံပညာ(သို့)ဝိဇ္ဖာပညာနယ်ပါယ်တွင်ပါဝင်သည့်နည်းပညာ(သို့)အသိပညာဗဟုသုတကိုလိုအပ်နေသည့်လုပ်ငန်းတွင်လုပ်ကိုင်ဆောင်ရွက်လိုသည့်အခါ၊ 

လုပ်ကိုင်လိုသည့်အလုပ်နှင့်ပတ်သက်ပြီးအောက်ပါတစ်ခုခုနှင့်ကိုက်ညီရမည်ဖြစ်သလို၊ထိုလိုအပ်နေသောနည်းပညာ(သို့)အသိပညာကိုသင်ယူတတ်မြောက်ထားရမည်ဖြစ်သည်။

ပတ်သက်ဆက်နွယ်နေသည့်နည်းပညာ(သို့)အသိပညာနှင့်ဆက်စပ်နေသည့်ဘာသာရပ်များကိုအထူးပြုမေဂျာယူထားပြီးတက္ကသိုလ်တွင်ဘွဲ့ရခဲ့ ပြီး (သို့) ထိုအရာနှင့်အလားတူ/ထက်ပိုသောပညာရပ်ကိုသင်ယူထားရမည်ဖြစ်သည်။

ပတ်သက်ဆက်နွယ်နေသည့်နည်းပညာ(သို့)အသိပညာနှင့်ဆက်စပ်နေသည့်ဘာသာရပ်များကိုအထူးပြုမေဂျာလုပ်ထားပြီးဂျပန်နိုင်ငံရှိသက်မွေးဝမ်းကြောင်းသင်တန်းတွင်အထူးပြုသင်ရိုးပညာရပ်ကိုပြီးဆုံးခဲ့ရမည်ဖြစ်သည်။

လုပ်ငန်းအတွေ့အကြုံ၁၀နှစ်အထက်(တက္ကသိုလ်၊နည်းပညာကောလိပ်၊အထက်တန်းကျောင်း၊အလယ်တန်းပညာသင်ကြားရေးကျောင်း၏နောက်ဆုံးသင်ရိုး(သို့)သက်မွေးဝမ်းကြောင်းသင်ရိုးတွင်ပတ်သက်ဆက်နွယ်နေသည့်နည်းပညာ(သို့)အသိပညာနှင့်ဆက်စပ်နေသည့်ဘာသာရပ်များကိုသင်ကြားခဲ့သည့်အချိန်ကာလအပါအဝင်)ရှိရမည်ဖြစ်သည်။

ချွင်းချက်အနေဖြင့်လျှောက်ထားသူသည်သတင်းအချက်အလက်စီမံဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့်နည်းပညာ(သို့)အသိပညာကိုလိုအပ်သည့်လုပ်ငန်းတွင်လုပ်ကိုင်ဆောင်ရွက်လိုသည့်အခါတွင်၊တရားရေးဝန်ကြီးကထုတ်ပြန်ကြေငြာထားသည့်သတင်းအချက်အလက်စီမံဆောင်ရွက်ခြင်းနည်းပညာနှင့်ပတ်သက်သည့်စာမေးပွဲတွင်အောင်မြင်ရမည်ဖြစ်ပြီး(သို့)၊တရားရေးဝန်ကြီးကထုတ်ပြန်ကြေငြာထားသည့်သတင်းအချက်အလက်စီမံဆောင်ရွက်ခြင်းနည်းပညာနှင့်ပတ်သက်သည့်အရည်အချင်းလက်မှတ်ရှိနေသည့်အခါတွင်ပြဿနာမရှိပါ။

ဂျပန် 【ပြည်ဝင်ခွင့်အခြေခံအမိန့်အမှတ် ၂】

လျှောက်ထားသူသည်နိုင်ငံခြားယဉ်ကျေးမှုတွင်အခြေခံသည့်စဉ်းစားတွေးခေါ်မှု(သို့)သိမြင်နိုင်မှုကိုလိုအပ်သည့်လုပ်ငန်းတွင်လုပ်ကိုင်ဆောင်ရွက်လိုသည့်အခါ အောက်ပါတစ်ခုခုနှင့်ကိုက်ညီနေရပါမည်။

ဘာသာပြန်၊စကားပြန်၊ဘာသာစကားသင်ကြားပို့ချမှု၊လူထုဆက်ဆံရေး၊ကြေငြာချက်(သို့)နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်း၊အဝတ်အစားဒီဇိုင်း(သို့)အခန်းတွင်းအလှဆင်ခြင်းဖြစ်သည့်ဒီဇိုင်း၊ထုတ်ကုန်ပစ္စည်းဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အခြားသောအလားတူလုပ်ငန်းများတွင်လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်သည်။

လုပ်ကိုင် ဆောင်ရွက် မည့် သက်ဆိုင်ရာလုပ်ငန်းခွင်အတွက် လုပ်ငန်းအတွေ့အကြုံ သုံးနှစ်နှင့် အထက်ရှိရန် လိုအပ်ပါသည်။

သို့သော်၊ တက္ကသိုလ်ဘွဲ့ရပြီးသူများသည် ဘာသာပြန်၊ စကားပြန် (သို့မဟုတ်) ဘာသာစကားသင်ကြားပို့ချခြင်းတို့နှင့် သက်ဆိုင်သည့်အလုပ်ကိုလုပ်မည်ဆိုလျှင် ထိုသတ်မှတ်ချက်များနှင့် မသက်ဆိုင်ပါ။

ဂျပန် 【ပြည်ဝင်ခွင့်အခြေခံအမိန့်အမှတ် ၃】

ဂျပန်လူမျိုးများအလုပ်လုပ်ကိုင်လျှင်ရရှိမည့်လုပ်ခလစာနှင့်တန်းတူ(သို့မဟုတ်) ပိုမိုသော လစာရရှိခြင်း။

ကိုးကားချက်) တရားရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်သက်ဆိုင်သောဥပဒေများ

နည်းပညာ၊ဝိဇ္ဇာပညာဗဟုသုတ၊နိုင်ငံတကာစီးပွားရေးလုပ်ငန်းဗီဇာနှင့်ပတ်သက်သည့် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုလက်တွေ့လုပ်ဆောင်ခြင်း 

အဓိကမေဂျာနှင့်ပတ်သက်၍

တက္ကသိုလ်ဘွဲ့ရများဖြစ်လျှင် အဓိကမေဂျာနှင့်လုပ်ကိုင်လိုသော အလုပ်တို့၏ဆက်နွယ်မှုကို တခြားအရာများနှင့်နှိုင်းယှဉ်ပြီး သက်ညှာစွာ ဆုံးဖြတ်ကြ သည်။ 

အသက်မွေးဝမ်းကြောင်းသင်တန်းကျောင်းတွင် အထူးပြုဘာသာရပ်ပြီးမြောက်အောင်မြင်ထားသူသည် (「အထူးကျွမ်းကျင်ဒီပလိုမာ」ဘွဲ့ကိုရယူထားရန်လိုအပ်သည်။)လုပ်ကိုင်မည့်လုပ်ငန်းတွင်လိုအပ်သော နည်းပညာ (သို့) အသိပညာဗဟုသုတနှင့် အထူးပတ်သက်ဆက်နွယ်နေသော အထူးပြုဘာသာရပ်ဖြစ်ရန်လိုအပ်သည်။

နေထိုင်ခွင့်လက်မှတ်တွင် ခွင့်ပြုထားသည့် လက်တွေ့သင်တန်းနှင့်ပတ်သက်၍

အလုပ်ခန့်အပ်ပြီး ပထမပိုင်းတွင် သတ်မှတ်ထားသည့် လက်တွေ့သင်တန်းကာလအတွင်း ပြုလုပ်သည့်  နေထိုင်ခွင့်လက်မှတ်နှင့်မကိုက်ညီသော လုပ်ဆောင်ချက်ဖြစ်သော်လည်း ၊ ၎င်းသည် ဂျပန်တက္ကသိုလ်ဘွဲ့ရ၀န်ထမ်းများ နှင့် တန်းတူ ပြုလုပ်မည့် လက်တွေ့သင်တန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ 

နေထိုင်သည့်ကာလအတွင်း၏ လုပ်ဆောင်ချက် တစ်ခုလုံးအနေဖြင့် လက်ခံသဘောပေါက်ပြီး နေထိုင်စဉ်ကာလ၏ ထက်ဝက်ကျော်ကို နေရာယူထားခြင်းမရှိသည်ကို အသိအမှတ်ပြုနိုင်ခြေ မြင့်မားသည်။

VISA de AI ၏ ဗီဇာလျှောက်ထားကြေးခန့်မှန်းခြေကုန်ကျစရိတ်ဆိုသည်မှာ? 

VISA de AI တွင် လျှောက်ထားသူ၏ ပညာအရည်အချင်းမှတ်တမ်း၊ အလုပ်အကိုင်အတွေ့အကြုံမှတ်တမ်းများ ကို ထည့်သွင်းစဉ်းစားပြီး ဗီဇာရရှိနိုင်ခြေ ကို တွက်ချက်ကာ ဗီဇာလျှောက်ထားကြေးကို ခန့်မှန်း၍တွက်ချက်ပါသည်။ 

ဗီဇာရရှိနိုင်ခြေနည်းနေသည့်အခြေအနေတွင် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုကို ဖြတ်ကျော်နိုင်ရန် သက်ဆိုင်ရာ စာရွက်စာတမ်းများကို လုံလောက်စွာ ပြင်ဆင်ခြင်းဖြင့် အမှန်အကန် ဗီဇာရရှိနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားပေးပါမည်။

VISA申請 最安値を取得して!
မြန်မာ ဂျပန်
မြန်မာ ဂျပန်
最近の投稿
在留資格認定証明書 代理人

在留資格認定証明書 の交付申請における代理人の範囲について

在留資格認定証明書の交付申請の代理人は、外国人を受け入れようとする機関の職員や親族など。
外国人本人が交付申請をするのが原則ですが、通常、外国人本人は外国にいるため、代理人が申請します。
申請を取次ぐ行政書士は、外国人に代わって申請書等の提出を行う「申請取次者」です。